McDonald အကီဟာဘာရာဆိုင်ခွဲ /
အကီဟာဘာရာမှာကတော့ McDonalds ရဲ့ဆိုင်ခွဲဟာ၃ဆိုင်တောင်ရှိပါတယ်။ အကီဟာဘာရာဘူတာရုံနားမှာတော့ဆိုင်ခွဲ ၁ဆိုင်ရှိပါတယ်။
အကီဟာဘာရာဘူတာရှေ့ဆိုင်ခွဲ(Akihabara Ekimae Branch) ဟာဆိုလျှင်ဖြင့် တခြားဆိုင်ခွဲတွေလောက်မကျယ်ပေမယ့် အကီဟာဘာရာသို့ရထားဖြင့် လာရောက်လည်ပတ်သူများအတွက် အနီးဆုံးနှင့်အဆင်ပြေဆုံးဆိုင်တဆိုင်ဖြစ်ပါတယ်။ဆိုင်ထဲသို့ဝင်လိုက်တာနှင့်၊ အမြန်ပြင်ဆိုင်ဖြစ်တာကြောင့် အော်ဒါတခုပြီးတခုကို အချိန်မှီပြင်ဆင်ပေးလျက်က အသစ်ဝင်လာတဲ့ ဧည့်သည်တွေကိုလည်း ပျူဌာစွာဖြင့်ကြိုဆိုနေတဲ့ ဆိုင်ဝန်ထမ်းတွေကို တွေ့ရပါလိမ့်မယ်။
ဆိုင်ရဲ့ညာဘက်အစွန်ဆုံးနေရာမှာကတော့ဆိုင်တွင်းထိုင်စားချင်တဲ့ဧည့်သည်တွေအတွက်ထိုင်စားစရာ စားပွဲနှင့်ထိုင်ခုံတွေရှိပါတယ်။ နှစ်ယောက်စားပွဲနှင့် တယောက်စားပွဲထိုင်ခုံတွေက များပေမယ့် အုပ်စုဖွဲ့စားသုံးချင်သူများအတွက်လည်း ထိုင်ခုံတွေကိုစပ်ပြီးတော့ အဖွဲ့လိုက် သုံးဆောင်နိုင်အောင်လို့ ၀န်ဆောင်မှုပေးပါတယ်။
နေ့လည်စာစားချိန်နှင့်ညနေ၇နာရီဝန်းကျင်လောက်မှာလူအရမ်းစည်တဲ့အတွက် ပါဆယ်(take out) မှာပြီးစားတဲ့သူက များပါတယ်။
McDonaldလိုမျိုးအမြန်ပြင်စားသောက်ဆိုင်တွေရှိနေတဲ့အတွက်လည်း ထမင်းစားဖို့တောင်အချိန်သိပ်မပေးနိုင်တဲ့သူတွေအတွက် အရမ်းကိုအဆင်ပြေပါတယ်။
ဟမ်ဘာဂါ၁ခုကိုအသင့်စားဖို့အတွက်ပြင်ဆင်ချိန်က၁မိနစ်လောက်ပဲကြာပါတယ်။
McDonaldဟာ၂၄နာရီလုံးဖွင့်ပြီး ပိတ်ရက်မရှိ တပတ်ကို၇ရက်ပတ်လုံး ဖွင့်လှစ်ရောင်းချပေးနေပါတယ်။
ဈေးသက်သက်သာသာနှင့် ဗိုက်အမြန်ဖြည့်ချင်သူများအတွက် McDonaldကရွေးချယ်စရာတခုပါ။
အမဲသား၊ဟင်းသီးဟင်းရွက်တွေပါတဲ့ ပုံမှန်ဆိုဒ်ဟမ်ဘာဂါ၁ခုကို ယန်း၁၀၀ပဲကျပါတယ်။အာလူးကြော်နှင့် တခြားအရံစားစရာတွေ မှာစားတာတောင်မှ ယန်း၃၀၀လောက်ပဲကျပါတယ်။McDonaldဟာဂျပန်ကတခြားအမြန်ပြင်စားသောက်ဆိုင်တွေထဲမှာ ဈေးအသက်သာဆုံး ဟမ်ဘာဂါကိုရောင်းချပေးနေပါတယ်။
Google Mapကိုသုံးပြီးတော့ အကီဟာဘာရာဘူတာရှေ့ဆိုင်ခွဲကို လွယ်လင့်တကူရှာဖွေနိုင်ပါတယ်။
အကီဟာဘာရာဘူတာမှ Electric Townထွက်ပေါက်ကနေပြီးတော့ ဘယ်ဘက်သို့ချိုးလိုက်ပါ။ ရထားလမ်းကို အောက်ကနေကျော်သွားလို့ရတဲ့ လူသွားလမ်းကို ၁မိနစ်ခန့်လျှောက်လိုက်လျှင် လမ်းရဲ့ညာဘက်အခြမ်းမှာ အနီရောင်နှင့်အ၀ါရောင်တွေချယ်သထားတဲ့ McDonaldဆိုင်းဘုတ်ကို တွေ့ရပါလိမ့်မယ်။
ဆိုင်သို့လမ်းညွှန်
■ဆိုင်ဖွင့်ချိန် 12:00~00:00
■တည်နေရာ 0-0-1,Sotokanda,Chiyoda-ku,Tokyo,
■ဖုန်း 03-3256-5558
■၀က်ဘ်ဆိုဒ် http://www.mcdonalds.co.jp
MAP