Edion / Akihabara ရှိ အကြီးမားဆုံးလျှပ်စစ်ပစ္စည်းဆိုင်များထဲမှ တစ်ဆိုင်

Edion / Akihabara ရှိ အကြီးမားဆုံးလျှပ်စစ်ပစ္စည်းဆိုင်များထဲမှ တစ်ဆိုင်

1024×768

Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”-Win—Researcher”,”sans-serif”;}

ဂျပန်နိုင်ငံသည် အရည်အသွေးမြင့် လျှပ်စစ်ပစ္စည်းများနှင့် ဖျော်ဖြေမှုပုံစံသစ်များကြောင့် အမြဲပင် ဂုဏ်ယူလေ့ရှိသည်။ အရှေ့တိုင်းနိုင်ငံအတွင်းရှိ အကောင်းဆုံးအတွေ့အကြုံများကို ခံစားရန် အကောင်းဆုံးနေရာတစ်ခုမှာ ဖျော်ဖြေမှုအသစ်များကို ခံစားနိုင်ပြီး အရည်အသွေးမြင့် လျှစ်စစ်ပစ္စည်းမှန် ဈေးမှန်စွာဖြင့် ၀ယ်ယူနိုင်သော Akihabara အပြင် မရှိနိုင်ပါ။

Edion 3

 

Edion 4

Edion ဆိုင်မှာ ခြောက်ထပ်အဆောက်အဦးဖြစ်ပြီး လျှပ်စစ်ပစ္စည်းမျိုးစုံကို ခင်းကျင်းရောင်းချသည့်ဆိုင် ဖြစ်သည်။ ဆိုင်ထဲသို့ ခြေချလိုက်သည်နှင့် ကင်မရာမျိုးစုံနှင့် မိုဘိုင်းဖုန်းမျိုးစုံကို သင်တွေ့ရလိမ့်မည်။  စက်လှေကားမှ ဒုတိယထပ်ကို တက်လိုက်သည်နှင့် အရောင်အသွေးများကို သဘာဝအတိုင်း ဖော်ပြနိုင်သော တံဆိပ်မျိုးစုံ၊ အရွယ်အစားမျိုးစုံ၊ မော်ဒယ်မျိုးစုံ တီဗွီများကို ခင်းကျင်းပြထားသည်။ ဒုတိယထပ်ရှိ အခြားအရာများမှာ ဒီဗွီဒီစက်များ၊ Blue-ray ရုပ်သံစက်များမှအစ စီဒီအလွတ်များအထိ ဖြစ်သည်။

တတိယထပ်တွင် ကွန်ပျူတာများ၊ လက်တော့များ၊ router များနှင့် ၀ိုင်ဖိုင်ပစ္စည်းများကို ခင်းကျင်းထားသည်။ စတုတ္ထထပ်ရှိ အရာများမှာ နေ့စဉ်အိမ်သုံးပစ္စည်းများဖြစ်သည့် ပန်းကန်ဆေးစက်များ၊ လျှပ်စစ်ဒယ်အိုးများ၊ ဖျော်ရည်စက်များ၊ hair-dryerများနှင့် ဆံပင်ကောက်စက်များ၊ လျှပ်စစ်သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်စက်၊ မိုက်ကရိုဝေ့မီးဖိုများ၊ ကော်ဖီဖျော်စက်များ၊ မုန့်ဖိုစက်များကဲ့သို့သော ပစ္စည်းများကို ပြသထားသည်။

 ခြောက်ထပ်တွင် မီးလုံး၊ မီးချောင်းများ၊ ဘက်ထရီမီးချောင်းများနှင့် LED မီးများကို ရောင်းချပေးသည်။ လေအေးပေးစက်၊ လေပူပေးစက်၊ ရေငွေ့စုပ်စက်ကဲ့သို့ ရာသီဥတုအလိုက် လိုအပ်နိုင်သည့် ပစ္စည်းများကိုလည်း ခင်းကျင်းထားသည်။

 

 Edion သည် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးလျှပ်စစ်ပစ္စည်းဆိုင်များနည်းတူ  ပစ္စည်းမှန် ဈေးမှန်သော နေရာတစ်ခုဖြစ်သည်။

 

 Akihabara သို့ ပထမဆုံးရောက်ရှိသူ တစ်ယောက်အတွက် ဈေးမှန်သော လျှပ်စစ်ပစ္စည်းဆိုင်တစ်ခုကို ရှာဖွေရန်မှာ စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကဲ့သို့သော အရာများကို ၀ယ်ယူရာတွင် ကျွန်တော်တို့သည် မိမိပေးလိုက်သော ပိုက်ဆံနှင့် အကောင်းဆုံးရရှိနိုင်သော ပစ္စည်းများကို ရှာဖွေရာတွင် လျှပ်စစ်ပစ္စည်းဆိုင်များစွာရှိနေသည့် နေရာ၌ ရှာဖွေရန်မှာ လွယ်ကူသော အရာမဟုတ်ပေ။

 

Akihabara တွင် ဈေးဝယ်နေကျသူများသည် လူသစ်များကို ဆိုင်ကြီးများသို့သာ သွားရောက်ရန် လမ်းညွှန်လေ့ရှိကြသည်။ Akihabara တွင်သာမက ဂျပန်တစ်နိုင်ငံလုံးတွင် ဈေးမှန်၍ လျှော့ဈေးများဖြင့် ၀ယ်ယူနိုင်သောလက်ဆောင်ပစ္စည်းများအတွက် အမှတ်ပေးကဒ်များအသုံးပြုသော ငွေပေးချေမှုပုံစံမျိုးစုံကို လက်ခံနိုင်သော နောက်ဆုံးပေါ်ပစ္စည်းများနှင့် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်သော ဆိုင်များကို ရှာဖွေလျှင် ဆိုင်ကြီးများကိုသာ တွေ့ရလိမ့်မည်။

Edion 5

 

  Edion 6             

Edion သည် ငွေပေးချေမှုပုံစံမျိုးစုံသော အကြွေးဝယ်ကဒ်တို့ကို လက်ခံသဖြင့် ကမ္ဘာလှည့်ခရီးသွားအတွက် အဆင်ပြေသော လျှပ်စစ်ပစ္စည်းဆိုင်ဖြစ်ည်။

မသွားမဖြစ်သော သွားရောက်လည်ပတ်ရမည့် နေရာများထဲမှ တစ်ခုမှာ Edion ဖြစ်သည်။ Akihaboraရှိ ရှုပ်ထွေးသောလမ်းမများပေါ်မှများစွာသောစတိုးဆိုင်များအတွင်း အကြီးမားဆုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ခုအဖြစ် Edion ကို သတ်မှတ်ထားသည်။ အကြီးမားဆုံးပစ္စည်းဆိုင်တစ်ခု မဟုတ်လျှင်တောင်မှ  အခြားနိုင်ငံတစ်ဝှမ်းလုံးရှိ ကြီးမားသော လျှပ်စစ်ပစ္စည်းဆိုင်များနှင့် ယှဉ်ပြိုင်နိုင်သော နေရာတစ်ခုဖြစ်သည်။

ပထမထပ်ရှိ တခြားတစ်ဖက်ခြမ်းတွင် ဂျပန်နိုင်ငံ၏ အဓိက ဖုန်းဝန်ဆောင်မှုကုမ္ပဏီများဖြစ်သော Docomo ,Au နှင့် Softbonk တို့မှ ဖုန်းဝယ်ယူနိုင်ရန် စုံစမ်းနိုင်သည်။ တခြားတစ်ဖက်တွင်တော့ နောက်ဆုံးပေါ်မှန်ဘီလူးများ၊ ဗွီဒီရိုရုပ်သံသွင်းစက်များ၊ ကင်မရာများနှင့် စပ်ဆက်ပစ္စည်းများကို သင်ဝယ်ယူနိုင်သည်။

Edion 7

 

Edion 8

Edion 9   

  အဆောက်အဦးသည် ” EDION” ကို လိမ္မော်ရောင်ဖြင့် တော်ဝင်ဆန်သော အပြာရောင်နောက်ခံ၌ ရေးသားထားသော ဆိုင်းဘုတ်ဖြင့် ခမ်းနားသပ်ရပ်စွာ တည်ရှိသည်။

အခြားလျှပ်စစ်ပစ္စည်းဆိုင်များကြားတွင် ကြီးမားသော အဆောက်အဦးဖြင့် Edion သည် ခမ်းနားဂုဏ်ယူစွာဖြင့် တည်ရှိသည်။ အပြာရောင် နောက်ခံပေါ်တွင် အင်္ဂလိပ်စာဖြင့် ရေးသားထားသော ဆိုင်းဘုတ်ကို အဆောက်အဦးအပေါ်ဆုံးတွင် တင်ထားသဖြင့် ရှာဖွေရန်လွယ်ကူပါသည်။ I နှင့် O ကို တစ်ဆက်တည်းရေးသားထားသဖြင့် လျှပ်စစ်ပစ္စည်းများတွင် ပါဝင်သော “ON” ခလုတ်နှင့် တူညီနေပါသည်။ ထို့အပြင် အဆောက်အဦး၏ ဘေးတွင်ပါ ကုမ္ပဏီ နာမည်ကို ဒေါင်လိုက်ရေးသားထားသဖြင့် သင်၏ဇက်ကိုအနာခံပြီး အမြဲခေါင်းမော့ရှာဖွေရန်တော့ မလိုပါ။

Edion 10

 

Edion 11

Edion 12   

             Electric Town ထွက်ပေါက်မှတဆင့် JR Akihabara ဘူတာမှထွက်ပြီး ငါးမိနစ်လောက်လမ်းလျှောက်လိုက်ရုံဖြင့် ရောက်ရှိနိုင်ပြီး ရှာဖွေရန်လည်း ခက်ခဲမည်မဟုတ်ပါ။ အဓိကလမ်းလမ်းမကြီးမှ Atreဈေးဝယ်စင်တာကို ဖြတ်ကျော်လိုက်လျှင် သင်သည် “Gamers” အဆောက်အဦးကို တွေ့ရလိမ့်မည်။ အခြားဘက်အခြမ်းတွင် “Hobby Paradise” ရှိပြီး ထို “Hobby Paradise ” ၏ အခြားတစ်ဖက် ” Gamers” အဆောက်အဦး၏ ဘေးဘက်သို့ လူကူးမျဉ်းကြားမှ  ကူးလိုက်လျှင် သင်သည် အဆောက်အဦး၏ ဘေးဘက်နှင့် အပေါ်ထိပ်တွင် နာမည်ကို ရေးသားထားသော ခြောက်ထပ်အဆောက်အဦး Edion Akiba ကို တွေ့လိမ့်မည်။

 

ဆိုင်အချက်အလက်

 

 ဆိုင်ဖွင့်ချိန်        –           ၁၀း၀၀ နာရီမှ ၂၀း၀၀ နာရီ

 

 လိပ်စာ            –           ၁-၂-၉, Sotokanda, Chiyoda-ku, Tokyo

 

  ဖုန်း               –           ၀၃-၃၂၅၇-၁၁၀၀

 

  URL              –           http:// www.my.edion.jp/pc/

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>