အေးစိမ့်တဲ့နေ့တွေအတွက် ပူပူနွေးနွေး အစားအသောက်တွေ

အေးစိမ့်တဲ့နေ့တွေအတွက် ပူပူနွေးနွေး အစားအသောက်တွေ

အေးစိမ့်တဲ့နေ့တွေအတွက် ပူပူနွေးနွေး အစားအသောက်တွေ

 

Dashiochazuke En စားသောက်ဆိုင်ဟာ ဆိုင်နာမည် ရှည်လျားသလိုရှိပေမဲ့ သေးငယ်သပ်ရပ်ပြီး ဂျပန် ရေနွေးကြမ်း(ochazuke)နှင့် အဆင်သင့်ပြင်ဆင်ကြိုဆိုနေတဲ့ ဆိုင်ငယ်လေးတစ်ခုဖြစ်ပါတယ်။ ကြီးမားတဲ့ Akiba-Ichi Complex အဆောက်အဦးကြီးမှာ ရှိပါတယ်။ ဒီစားသောက်ဆိုင် အကြောင်း မရှင်းပြခင်မှာ ခုဏ ပြောပြထားတဲ့ ဂျပန် ရေနွေးကြမ်း ochazuke အကြောင်းအရင် မိတ်ဆက်ပေး လိုပါတယ်။ ရိုးရိုးလေးပြောမယ်ဆိုရင် ochazuke ဆိုတာဟာ ဆန်ပြုတ်လိုမျိုး ဒါမှမဟုတ် ရေနွေကြမ်းနှင့် ရောထားတဲ့ ထမင်းဖြူပဲ ဖြစ်ပါတယ်။ စွပ်ပြုပ်လို့ခေါ်ရင်လည်း မမှားပါဘူး။ အဲဒီ ထမင်းဖြူပေါ်မှာ ထပ်ဖြူးလို့ရတဲ့ အခြား ထည့်စရာ မျိုးစုံရှိပါတယ်။ ဒါမှမဟုတ် မိမိစိတ်ကြိုက် စွပ်ပြုပ်သပ်သပ် နှင့် ရေနွေးကြမ်းသပ်သပ်လည်းမှာလို့ ရပါတယ်။

 

ကဲ. . ဆိုင်အကြောင်း ဆက်ပြောရအောင်

 

စားသောက်ရာတွေ အလွယ်တကူ လေ့လာလို့ရအောင် အပြင်မှာ ပြထားခြင်း

Dashiochazuke En ဆိုင်ဟာ သူ့နာမည်နှင့် လိုက်ဖက်စွာ dashiochazukeကို အထူးပြုတာဖြစ်ပြီး dashi လို့ခေါ်တဲ့ ဂျပန် စွပ်ပြုပ်မှာသုံးတဲ့ ကုန်ကြမ်းတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ပင်လယ် မှော်ပင်တစ်မျိုး နှင့် ဘိုနီတိုလို့ခေါ်တဲ့ ပင်လယ်ငါးကြီးတစ်မျိုးရဲ့ အသားတွေကို ပါးပါးလေး လှီးထားတာဖြစ်ပြီး ထမင်းဖြူနှင့် ရောမွေထားတဲ့ စွပ်ပြုပ်ဖြစ်ပါတယ်။ တစ်ချို့အတွက် dashi ဆိုတဲ့ စကားလုံးဟာ အသစ်အဆန်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ စွပ်ပြုပ်ရဲ့ အခြေခံ တစ်ခုဖြစ်ပါတယ်။

ဒီဆိုင်ရှေ့ကို ဖြတ်လျှောက်တဲ့အခါကျရင် ရွေးချယ်စရာ အစားအသောက် မြောက်များစွာ အင်္ဂလိပ်စာနှင့်ကော၊ဂျပန်စာနှင့်ပါ ရေးသားထားတာကိုတွေ့ရှိမှာဖြစ်ပါတယ်။ ပုံနှင့် တကွ အစားအသောက် နာမည်တွေ မီးရောင်ထိုးထားပြီး ရှင်းလင်းစွာ မြင်ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ မလည်မ၀ယ်နိုင်ငံခြားသားတွေ ထမင်းမှာတဲ့ စက်ရှေ့မှာ ဘာရွေးရမှန်းမသိ မတ်တပ်ရပ်နေတာမျိုး မဖြစ်ပဲ ဆိုင်ထဲမလျှောက်ခင်ကတည်းက မိမိစားခြင်တာ သေချာစွာရွေးချယ်လို့ရသွားမှာဖြစ်ပါတယ်။

အသုံ:၀င်တဲ့ အင်္ဂလိပ်စာ စားသာက်စရာ နာမည်များ (menu)

ဆိုင်ရဲ့ဝန်ထမ်းတွေဟာ အင်မတန်မှ အကူအညီဖြစ်ပါတယ်။ ဆိုင်ထဲဝင်တာနှင့် တစ်ခါနည်း ၀န်ထမ်းတွေကိုယ့်ဆီလာင်္ပြီး အင်္ဂလိပ်လိုရေးထားတဲ့ ဟင်းအမျိုးအစားနာမည်စာရွက်တွေနှင့် ဆီးကြိုထားပါတယ်။ ပြီးတော့ စားသောက်သူတွေ ကြောင်မသွားလေရအောင် စားသောက်ဖွယ်ရာများ ရွေးချယ်ငွေထည့်တဲ့စက်တွေ အသုံးပြုပုံကိုလည်း တစ်ခါနည်း ရှင်းပြထားပါတယ်။ အဲဒီစက်ကြီး ကလည်း ဂျပန်စာနှင့် ဆိုတာ့ တခြားလူတွေနားလည်ဖို့မလွယ်ပါဘူး။ ကျနော်ကျတော့ ဂျပန်စာ ဖတ်တတ်တယ်ဆိုတော့ ဘာသာပြန်ဖို့ အကူအညီလိုတော့မလိုပါဘူး။ အခြားလူ ဂျပန်လို နားမလည်တဲ့ သူတွေအတွက် စိတ်ပူစရာ လုံးဝမလိုပါဘူ။ ငွေရှင်းတဲ့စက်မှာ ပိုက်ဆံတွေရှင်း ပြီးတဲ့အခါ ကောင်တာဘက်ကိုလှည့်ပြီး မိမိဝယ်ထားတဲ့ လက်မှတ်ကို သွားပြရမှာဖြစ်ပါတယ်။ ပြီးရင် ကောင်တာမှာ ထမင်းဖြူအရွယ်အစား အကြီး၊ အလတ်၊ အသေး စသဖြင့် ကိုယ်ကြိုက်သလို မှာလို့ရပါတယ်။ သူတို့ပြောတာတွေ မရှင်းမလင်းဖြစ်ရင် ပုံနှင့်တစ်ခါတည်း ရှင်းပြပါလိမ့်မယ်။ အဲကနေမှ မိမိကြိုက်တာကို လက်ညှိုးထိုး ရွေးလိုက်ရုံပါပဲ။


စားသောက်စရာများ

မိမိမှာတဲ့ စားသောက်စရာတွေလည်း ချက်ချင်းလာပါလိမ့်မယ်။ မိမိ လက်မှတ် ပေးပြီးနောက် အလွန်ဆုံး ၂ မိနစ်လောက်ပဲကြာပါတယ်။ ကျနော်သွားတုန်းကဆိုရင် maguro(tuna) မှာခဲ့ပါတယ်။ ဒါနှဲ့ ကျနော့် ထမင်းခွက်ဟာ အင်မတန်မှ စားချင့်စဖွယ် ငါးအသားတွေ ထည့်ပေးထားပါတယ်။ ထမင်း ခွက်တင်မက dashi နှင့်ဖျော်ထားတဲ့ ရေနွေးအိုး၊ ပြီးတော့ ပန်းကန်ငယ်လေးနှင့် ထည့်ထားတဲ့ ပြုတ်ပြီးနှပ်ထားတဲ့ အာလူး၊ တို့ဟူး၊ နှမ်းနှင့် ရောပြီးလုပ်ထားတဲ့ ငံပြာရည်နှင့် တွဲဖက်စားလို့ရတဲ့ ဂေါ်ဖီရွက် အစိမ်းတွေလည်း ပြင်ဆင်ထားပါတယ်။

အရင်ဦးဆုံး ထမင်းဖြူပေါ် ကိုယ့်ဟာကိုယ် dashi ရည် လောင်းထည့်ရပါတယ်။ ထူးခြားပြီး ကျေနပ်ဖွယ် လုပ်ဆောင်မှုပါ။ ochazuke ကို တစ်ဇွန်း စားကြည့်တာနဲ့ ကိုယ့်ရဲ့ ဆိုင်ရွေးချယ်မှု လုံးဝမမှားဘူးလို့ ချက်ချင်းသိလာရပါတယ်။ ငါးတွေဟာလည်း အရသာရှိလှပြီး အနံ့အရသာ ပိုထူးခြားအောင် dashi နှင့် အနည်းငယ် ပြုတ်ထားတာဖြစ်ပါတယ်။ တို့ဖူ့ အရသာကလည်း အထွတ်အထိပ်ပါပဲ။ ချောမွတ်နူးညံ့ပြီး နှမ်းနှင့် လုပ်ထားတဲ့ ငံပြာရည်နှင့် လိုက်ဖက်လှပါတယ်။ ဒါနဲ့ ကျနော့် စိတ်ထဲမှာ ဒီတို့ဟူးခွက် ဒါထက် ငါးဆ လောက် ပိုကြီးရင် ကောင်းမှာပဲဆိုပြီး တွေးမိပါတယ်။ samo ito နှင့် အချဉ်လုပ်ထားတဲ့ ဂေါ်ဖီရွက်တွေလည်း အခြားစားစရာတွေနှင့် တအားကို လိုက်ဖက် နေတော့ အရသာရှိစွ။

 

ကျနော်မြင်မိတဲ့ ဒီဆိုင်ရဲ့ အားနည်းချက်လေးတစ်ခုကတော့ ဖန်ခွက်နှင့်ရေ အလွယ်တကူ မတင်ထားပေးတာ တစ်ခုပါပဲ။ ထိုင်ခုံမှာ နေရာယူတာနှင့် တစ်ခါတည်း ရေနွေးကြမ်း ချက်ချင်းချထား တာဆိုတော့ ဧည့်သည်တွေ တကူးတက သာက်ရေအေး မမှာကြတာလည်းဖြစ်နိုင်ပါတယ်။ အဲဒါနှင့် ကျနော်လည်း ရှိပါစေတော့ဆိုပြီး မမှာဖြစ်တော့ပါဘူး။ သူတို့ရဲ့ ပုံမှန်ပြင်ဆင်မှုထဲ မထည့်ထားတာ ဖြစ်ကောင်းပါရဲ့ သေချာတာကတော့ ကိုယ်ကမှာရင် ချက်ချင်း လုပ်ပေးမှာပါ။ ဒါက ထောက်ပြစရာ တစ်ခုတည်းသော အားနည်းချက်လို့ ပြောလို့ရပြီး စိတ်ပူစရာကြီးတော့ မဟုတ်။

 

ဆုံးဖြတ်ချက်ချခြင်း

ခြုံပြီးပြောရမယ်ဆိုရင်တော့ ဒီစားသောက်ဆိုင်ဟာ ကောင်းမွန်တယ်လို့ပဲပြောပါရစေ။ အထူးသဖြင့် ချမ်းစိမ့်နေတဲ့ ဆောင်းဦးရာသီအတွက် နှစ်လိုဖွယ်ကောင်းလှပါတယ်။ ပူပူနွေးနွေး စွပ်ပြုပ်ရယ်၊ ရေနွေးရယ် တစ်ခွက်လောက်စီ သောက်ပြီးရင်တော့ ကျန်တဲ့ တစ်ရက်တာလုံး အာကီဟာဘရာမှာ ခင်ဗျား လှုပ်ရှားသွားလာဖို့ အနွေးဓါတ်တွေ လုံလောက်ပြီလို့ပဲ ရဲရဲကြီး အာမခံပါတယ်။ ဂျပန်ယန်း ၈၀၀နှင့် maguro ရယ်၊ အခြား စားစရာတွေ ဈေးနှုန်းချိုသာစွာ ရောင်းပေးနေပါတယ်။ Dashiochazuke En ဆိုင်ဟာ ဈေးအရကော၊ အရသာကော သင့်တော်လိုက်ဖက်ပေတယ်။

လမ်းကြောင်း

Dashiochazuke En ဟာ Akiba-Ichi အဆောက်အဦးရဲ့ ဒုတိယအထပ်မှာဖွင့်ထားပါတယ်။ အဲဒီနေရာရောက်ဖို့ဆိုရင် “Electric Town” စီးပြီး၊ ထွက်ပေါက်ရောက်တာနှင့် ညာဘက်ခြမ်းချိုးပြီး AKB 48 Café ဘက် သွားရမှာဖြစ်တယ်။ ပြီးရင် တဖက်လမ်းကူးလိုက်ရင် ပထမထပ်မှာ koban (police box) ရှိတဲ့ အဆောင်အဦးပဲဖြစ်ပါတယ်။ စက်လှေကား တစ်ထပ်စီးပြီး ညာဘက်ခြမ်း ကြည့်လိုက်ပါ။

■အချိန်:  ၁၁း၀၀ မှ ၂၃း၀၀ (တင်္နလာ မှ စနေ)။ ၁၁း၀၀ မှ ၂၂း၀၀ (တနင်္ဂနွေ)

■တည်နေရာ: Akihabara UDX AKIBA_ICHI 2F, 4-14-1, Sotokanda, Chiyoda-ku, Tokyo, 101-0021

■ဖုန်း: 03-5294-6996

■URL: http://udx-akibaichi.jp/en/tenants/japanese.html#11

 

 

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>