Akihabara Radio Kaikan/Anime ပစ္စည်းများ စုံလင်စွာရရှိနိုင်သော ဆယ်ထပ် အဆောက်အအုံ

Akihabara Radio Kaikan/Anime ပစ္စည်းများ စုံလင်စွာရရှိနိုင်သော ဆယ်ထပ် အဆောက်အအုံ

 

အကယ်၍ ဂျပန်နိုင်ငံရှိ အီလက်ထရောနစ် hub ဖြစ်ပါက အဆောက်အအုံ၏ နာမည်ကို ကြားရုံဖြင့် ရေဒီယိုများကိုသာ ပြသရောင်းချခြင်းမဟုတ်မှန်းသိနိုင်ပါသည်။ Akihabara Radio Kaikan တွင် Anime နှင့် ဆက်စပ် ပစ္စည်းများလည်း ၀ယ်ယူရရှိနိုင်ပါသည်။

9-Radio-Kaikan

Animeသာမက ၀ါသနာနှင့် သက်ဆိုင်သော ပစ္စည်းများကိုပါ ရောင်းချသည့် ဆိုင်များစွာရှိပါသည်။

 

ဤဆယ်ထပ်အဆောက်အအုံတွင် မြောက်မြားလှစွာသော စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ဆိုင်များဖွင့်လှစ်ထားပါသည်။ ဤနေရာတွင် စွန့်စားမှုကို နှစ်သက်မှုများ၊ ငယ်ရွယ်သူများ နှင့် ပေါက်ကွဲပစ်ချင်သူများ၊ စုဆောင်းထားသော ပစ္စည်းများအတွက် ဆက်စပ်ပစ္စည်းများကို ရှာနေသူများ၊ နားနားနေနေ အပန်းဖြေချင်သော ကျောင်းသား ကျောင်းသူများ ၊ သူမတူသော အတွေ့အကြုံများကို ခံစားချင်သောနိုင်ငံခြားသားများ၊ အလွန်ဆာလောင်နေသော အစာအိမ်နှင့်ခြောက်ကပ်နေသော လည်ချောင်းကို ဖြည့်တင်းချင်သူများအတွက် ထင်ထားသည်ထက် ပိုမိုပြည့်စုံသောအရာများကို ရရှိ ခံစားနိုင်ပါသည်။

9-Radio-Kaikan

Anime နှင့် Manga များကို နှစ်သက်ပါက Radio Kaikan အာကီဟာဘာရာတွင် ပျော်ရွှင်မှု အပြည့်ဖြင့် ခံစားရရှိနိုင်ပါသည်။

မြေညီထပ်မှ အမြင့်ဆုံးထပ်ရှိ မြောက်မြားလှစွာသော anime ဆက်စပ်ပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများ၊ Manga comics, မဂ္ဂဇင်းများနှင့်စာအုပ်များ၊ ဂိမ်းက(ဒ်)များ၊ figurinese၊ အရုပ်များ၊ ကစားစရာများ၊ ဆက်စပ်ပစ္စည်းများနှင့် မီးရထားနှင့် အဆောက်အအုံ မော်ဒယ် anime gears နှင့် costumes များကိုပါ ရရှိနိုင်ပါသည်။ အီလက်ထရောနစ် နှင့် အော်ဒီယိုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများကို တခြားဆိုင်များတွင်လည်း ရရှိနိုင်ပါသည်။ shop-goers, Ginza lion နှင့် မြေညီ (ပထမထပ်)တွင် စားသောက်ဆိုင်တစ်ဆိုင်နှင့် ပထမတွင် Sunkus ဟုခေါ်သော စတိုးဆိုင်တစ်ဆိုင်ရှိခြင်းကြောင့် တစ်နေ့လုံးရှိနေလျှင်တောင် ဆာလောင်မည်ကို စိုးရိမ်ရန်မလိုပါ။ အဆောက်အအုံ၏ အမြင့်ဆုံး အပိုင်းတွင် Shop –goers များအတွက်စက်လှေကားများ၊ ဓာတ်လှေကားများသာမက လှေကားဖြင့်လည်း ဆယ်ထပ်ထိ တက်ရောက်နိုင်ပါသည်။

9-Radio-Kaikan

အာကီဟာဘာရာရှိကျော်ကြားသောအမှတ်အသားအဆောက်အအုံ

Akiba Radio Kaikan သည် အာကီဟာဘာရာတွင် ကျော်ကြားသော အမှတ်အသားအဆောက်အအုံ ဖြစ်၍ ၁၉၅၇တွင် စတင်တည်ဆောက်ခဲ့ပါသည်။ ၂၀၁၁သြဂုတ်လတွင် အသစ်ပြန်လည်ပြင်ဆင်ရန် အတွက် တစ်ကြိမ်ပိတ်ခဲ့ပါသည်။ ပြန်လည်ဖွင့်လှစ်သော အခါ ပြင်ဆင်မှုအပိုင်းမှာ ပိုမိုကောင်းမွန် လာပါသည်။ ပထမထပ်မှ အမြင့်ဆုံးအထိ ရောင်စုံကာလာဖြင့် ခြယ်သထားသည်မှာ လွမ်းမောစရာများဖြင့် ပြည့်နေပါသည်။ အဆောက်အအုံ၏ နာမည်ကိုကြီးမားလှသော အ၀ါရောင် နောက်ခံဖြင့် ခြယ်သထားပြီး အဆောက်အအုံ ၀င်ပေါက်အပေါ်တွင် တွေ့မြင်နိုင်ပါသည်။

9-Radio-Kaikan

 

အချက်အလက်

Akihabara Radio Kaikan နှင့် အနီးဆုံးနေရာမှာ JR Akihabara ဘူတာရုံဖြစ်ပါသည်။ Electric မြို့တော် (သို့) Denkigai ထွက်ပေါက်မှ ထွက်လိုက်ရုံဖြင့် အဆောက်အအုံကို ချက်ချင်းမြင်တွေ့ နိုင်ပါသည်။ Tsukuba Express ဖြင့် လာ၍ အာကီဟာဘာရာ ဘူတာရုံမှ A1ထွက်ပေါက်ကိုဖြတ်၍ သုံးမိနစ်ခန့်လမ်းလျှောက်ရုံဖြင့် ရောက်ရှိနိုင်ပါသည်။ အာကီဘာရာဘူတာရုံသို့ Metro Hibiya လိုင်းဖြင့် လာရောက်ပြီး သုံးမိနစ်ခန့်လမ်းလျှောက်ရုံဖြင့် လည်းရောက်ရှိနိုင်ပြီး Metro Ginza လိုင်းဖြင့် လာရောက်ပါက Suehirocho ဘူတာရုံရှိ ထွက်ပေါက် ၁နှင့် ၃မှ ရှစ်မိနစ်ခန့် လမ်းလျှောက်ရုံဖြင့် ရောက်ရှိနိုင်ပါသည်။

9-Radio-Kaikan

ဆိုင်ဖွင့်ချိန်               –               ၁၀း၀၀ – ၂၀း၀၀

နေရာ                       –               ၁-၁၅-၁၆, Sotokanda, Chiyoda-ku, Tokyo

တယ်လီဖုန်း            –               +၈၁ ၃၂၅၃၁၀၃၀

URL                       –               http://www.akihabara-radiaokaikan.co.jp

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>