Akihabara Electric Townရှိ ဂျပန်စားသောက်ဆိုင်များနှင့် ရိုးရာအစားအစာများ

Akihabara Electric Townရှိ ဂျပန်စားသောက်ဆိုင်များနှင့် ရိုးရာအစားအစာများ

 

 

351865fa3c7d390d5e550bc35df42cc4-akihabara-electric-town

ဂျပန်လူမျိုးတွေဟာ အစားကောင်း၊ အသောက်ကောင်းတွေကို အင်မတန်မှခုံမင်ကြတယ်လို့ ကမ္ဘာပေါ်ရှိ လူအများက ယူဆကြတယ်။ ဂျပန်လူမျိုးတွေရဲ့  ထူးခြားတဲ့ အချက်တစ်ချက်ကတော့ အလုပ်ကြိုးစားကြတာပဲဖြစ်ပါတယ်။ အလုပ်တွေပြီးတဲ့ အခါမှာတော့ ဂျပန်လူမျိုးတွေဟာ အေးအေးဆေးဆေး စိတ်လွတ်ကိုယ်လွတ်အနားယူကြတယ်။ အဲဒါတွေအပြင် အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေကို ချက်ပြုတ်စားသောက်ရတာကို ခုံမင်ကြတယ်။ နောက်ပြီးတော့ စားသောက်ဆိုင်တွေမှာ စုစုဝေးဝေးနဲ့ တပျော်တပါး စားသောက်ကြတာကိုလည်း အင်မတန်မှ နှစ်သက်ကြပါတယ်။ အဲဒီလိုမှမဟုတ်ရင် သူတို့စိတ်အလိုမကျဖြစ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ကြတယ်လို့ လူအများကဆိုကြတယ်။ နောက်တစ်ခုက ဂျပန်ပြည်မှာ စားသောက်စရိတ်ဟာ အဆမတန် မြင့်မားခြင်းပင်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကျပ်ငွေ(၁၀၀၀)လောက်ရှိရုံနဲ့ ထမင်းပူပူ၊ အသားဟင်း၊ အတို့အမြှုပ်ငါးပိရည်၊ အရည်သောက်အဖြစ် ဟင်းရည်ပူပူလေးနဲ့ တစ်နပ်စာအတွက်တော့ ဖူလုံပါရဲ့။ ဒါပေမဲ့ ဂျပန်နိုင်ငံမှာ ဆိုရင်တော့ ထမင်းနဲ့ဟင်း တစ်နပ်စာအတွက် ယန်းငွေ (၁၀၀၀)ကျော် ကျပ်ငွေ(၁၀၀၀၀) လောက်ရှိမှ အဆင်ပြေမှာ ဖြစ်ပါတယ်။  အဲ့ဒါတွေအပြင် အခုဆိုရင် ဂျပန်ပြည်တစ်ဝှမ်းလုံးမှာ စားသောက်ဆိုင်ပေါင်း (၁)သန်းကျော်လောက်ရှိတယ်လို့ စစ်တမ်းများအရ သိရပါတယ်။ စားသောက်ဆိုင်တွေ ပေါများလာတဲ့အလျောက် စားသုံးသူတွေကလည်း အင်မတန်မှ များပြားလှပါတယ်။

110                  fi1

 

 

Akihabara Electric Town မှာဆိုရင်လည်း လျှပ်စစ်ပစ္စည်းဆိုင်တွေ ကုန်တိုက်တွေ သာမက စားသောက်ဆိုင်တွေဟာဆိုရင်လည်း အင်မတန်မှ အမျိုးစုံလင်လှပါတယ်။ အဲဒါတွေအပြင် စားသောက်ဆိုင်တွေမှာခန့်ထားတဲ့ စားဖိုမှူးတွေကလည်း သတ်မှတ်ထားတဲ့ အရည်အချင်းများနဲ့ ပြည့်စုံပြီး အမျိုးမျိုးသော ဟင်းလျာတွေကို အရသာနှင့် ပြည့်စုံအောင် ချက်ပြုတ်နိုင်ကြပါတယ်။ အဲဒီ စားဖိုမှူးတွေဟာ တရုတ်အစားအစာ၊ ကိုရီးယားအစားအစာ၊ ယိုးဒယားအစားအစာ စတာတွေကိုလည်း စားသုံးသူ အရသာရှိရှိ စားသောက်နိုင်အောင် ချက်ပြုတ်ပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ Akihabara  မှာရှိတဲ့စားသောက်ဆိုင်အများစုကတော့ဂျပန်ရိုးရာ အစားအသောက်ကိုသာ အဓိကထား ရောင်းချတာကိုတွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဂျပန်လူမျိုးတွေဟာ သူတို့ရဲ့ရိုးရာ အစားအစာတွေကို တခြားနိုင်ငံက အစားအစာတွေထက် ပိုကြိုက်နှစ်သက်လို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့ ရိုးရာအစားအစာတွေကတော့ ဆူရှီလို့လူသိများတဲ့ ထမင်းလိပ်၊ ပုစွန်တင်ပူရာ၊ ဆူကီယာကီ၊ ဆာရှီမိလို့ခေါ်တဲ့ ငါးအစိမ်း၊ ယာကိတိုရီ၊ အိုကိုနိုမိယကိ…… အစရှိတာတွေပဲဖြစ်ပါတယ်။ အဲဒီအစားအစာတွေကို ဖြူ၊ နှီ၊ ပြာ၊ ၀ါရောင်စုံဖြာနေတဲ့ ပန်းပွင့်ကလေးလို လှပအောင် ပြင်ဆင်ထားကြပါတယ်။ ပါးစပ်နဲ့ စားသလို မျက်စိနဲ့လည်း အရသာခံကြပါတယ်။ ထို့အပြင် ကလေးတွေက အစလက်နဲ့မစား၊ တူနဲ့စားတာကို အံသြဖွယ်တွေ့မြင်နိုင်ပါတယ်။
okonomiyaki_web                             smallSukiyaki
ဂျပန်လူမျိုးတွေရဲ့ အကြိုက်ဆုံး ရိုးရာအစားအစာကတော့ အူဒွန်းလို့ လူသိများတဲ့ ဂျပန်ခေါက်ဆွဲပဲဖြစ်ပါတယ်။  စာရေးသူတို့ မြန်မာလူမျိုးတွေ မုန့်ဟင်းခါးကို ကြိုက်သလိုမျိုးပေါ့။ နောက်အစားအစာတစ်မျိုးကတော့ ရမင် (Ramen) လို့ခေါ်တဲ့ တရုတ်အစားအစာ၊ ခေါက်ဆွဲကို ဂျပန်စားဖိုမှူးတွေကိုယ်တိုင် ဂျပန်စတိုင်နဲ့ ချက်ပြုတ်ထားတာဖြစ်ပါတယ်။ ရမင်ဟာ ဂျပန်လူမျိုးတွေရဲ့ အကြိုက်ဆုံးအစားအစာများအနက် တစ်ခုပဲဖြစ်ပါတယ်။
Akihabaraမှာ အစားအသောက်ကောင်းတဲ့ စားသောက်ဆိုင်တွေသာမက အရက်ဆိုင်တွေလည်းပေါပါတယ်။ အဲဒီ အရက်ဆိုင်တွေမှာဆိုရင်လည်း လူတွေဟာ အရမ်းကိုစည်ကားနေပါတော့တယ်။ လာသောက်ကြတဲ့ လူတွေအထဲမှာ လူကြီး၊ လူငယ်၊ လူရွယ်မရွေး၊ ကျား၊ မ မရွေး အရွယ်သုံးပါးစလုံး ပါဝင်ကြပါတယ်။ ဂျပန်နိုင်ငံရဲ့ ရာသီဥတုဒဏ်ဟာ  အခုလို ဆောင်းတွင်းမှာ အင်မတန်မှ ချမ်းအေးလွန်းတာကြောင့် အိုဆာကေးလို့ခေါ်တဲ့ ဂျပန်အရက်ကို မသောက်မဖြစ်သောက်ကြရပါတယ်။ တစ်ချို့ရုံးဝန်ထမ်းတွေဆိုရင် သူတို့ရုံးဆင်းလို့ အိမ်ပြန်ကြတဲ့အခါ အပြန်လမ်းက အကာကျော်ရှင်းလို့ခေါ်တဲ့ အနီရောင် မီးပုံးလေးတွေ ချိတ်ထားတဲ့ အရက်ဆိုင်တွေမှာ ၀င်ရောက်သောက်ကြတာကို တွေ့မြင်နိုင်ပါတယ်။ ဒါ့ကြောင့် အိုဆာကေးလို့ ခေါ်တဲ့ အရက်ဟာဆိုရင်လည်း ဂျပန်လူမျိုးတွေရဲ့ အရေးပါတဲ့ အရက်ဖြစ်လာပါတော့တယ်။
ယခုအခါမှာတော့ သာမန် စားသောက်ဆိုင်များသာမက မိသားစုစားသောက်ဆိုင်များ ( Famiri resutoran) ကိုပါနေရာတော်တော်များများမှာ တွေ့မြင်နိုင်ပါတယ်။ မိသားစု စားသောက်ဆိုင်တွေကတော့ မိသားစုဝင်များနဲ့ သူငယ်ချင်း အပေါင်းအဖော်များသာ  ၀င်ရောက်စားသောက်နိုင်တဲ့ ဆိုင်မျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ မိသားစု စားသောက်ဆိုင်များမှာ ဂျပန်ရိုးရာ အစားအစာများထက် အနောက်တိုင်း အစားအစာများကိုသာ ဦးစားပေးရောင်းချကြပါတယ်။ ဒါ့ကြောင့် ဂျပန်နိုင်ငံရှိ စားသောက်ဆိုင်နှင့် အရက်ဆိုင်များဟာ ဂျပန်လူမျိုးတို့ရဲ့  စိတ်အပန်းဖြေရာ နေရာတစ်ခုသာမက လူအများစုဝေးရာနေရာ တစ်ခုဖြစ်တဲ့အပြင် စားသောက်ဆိုင်များဟာ ဂျပန်လူမျိုးများအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်တယ်လို့ပြောရမှာ ဖြစ်ပါတော့တယ်။
Akihabara မှာရှိတဲ့ နာမည်ကြီးစားသောက်ဆိုင်များကို ပုံနှင့်တကွ အသေးစိတ်အချက်အလက်များကို အောက်တွင် ရေးသားဖော်ပြပေးလိုက်ပါတယ်။
 ၁. MaguroDonya Jyudaime-Yazaemon (まぐろ問屋 十代目彌左エ門)image
 တူနာငါး လတ်လတ်ဆတ်ဆတ်စားချင်သူများအတွက်
 တည်နေရာ။ ။ JR Akihabara, Showa-Dori Exit
  ဆိုင်ဖွင့်ချိန်။ ။ မနက်၁၁နာရီ- ည၁၁နာရီ (ည၁၀နာရီခွဲ Last Order)
 ပိတ်ရက်။ ။ မရှိ
 ဈေးနှုန်း။ ။ နေ့လည်စာ ယန်း၆၀၀-၁၀၀၀
                ညစာ ယန်း၅၀၀၀-၆၀၀၀
                                    Credit Card:  VISA、MASTER、JCB、AMEX、Diners
image-2၂. Sushiya Ginzo(すし屋銀蔵 秋葉原店)
 ဆူရှီကို ဈေးနှုန်းသက်သက်သာသာနဲ့ ကောင်းကောင်းစားချင်သူများအတွက်
 တည်နေရာ။ ။  JR Akihabara Station Central exit 1min walk
 ဆိုင်ဖွင့်ချိန်။ ။ မနက်၁၁နာရီ- ည၁၁နာရီ (ည၁၀နာရီခွဲ Last Order
 ပိတ်ရက်။ ။ မရှိ
 ဈေးနှုန်း။ ။ နေ့လည်စာ ယန်း၆၀၀-၁၀၀၀
                ညစာ ယန်း၄၀၀၀-၅၀၀၀
 Credit Card:  VISA、MASTER、JCB、AMEX、Diners
image-3
၃.麺屋武蔵 武仁 (Menya-Musashi-Bujin)
 Tsukemen( Type of Ramen) စားချင်သူများအတွက်
 တည်နေရာ။ ။  JR Akihabara Station Showa-Dori Exit 3mins walk
 ဆိုင်ဖွင့်ချိန်။ ။ မနက်၁၁နာရီ- ည၁၀နာရီ
 ပိတ်ရက်။ ။ မရှိ
 ဈေးနှုန်း။ ။ ယန်း၁၀၀၀-၂၀၀၀
 Credit Card:  အသုံးပြု လို့မရပါ။
image-4 ၄.超ごってり麺 ごっつ 秋葉原店 (Gottsu Akihabara)
 ဂျပန်ခေါက်ဆွဲ ရမင် အရသာရှိရှိ စားချင်သူများအတွက်
 တည်နေရာ။ ။  JR Akihabara Station Showa-Dori Exit 5mins walk
 ဆိုင်ဖွင့်ချိန်။ ။ မနက်၁၁နာရီ- မနက်၎နာရီ
 ပိတ်ရက်။ ။ မရှိ
 ဈေးနှုန်း။ ။ ယန်း၁၀၀၀
 Credit Card:  အသုံးပြု လို့မရပါ။
 ၅. じとっこ (Jitokko)image-5
 ဂျပန်စတိုင် အသားကင် ကောင်းကောင်းစားချင်သူများအတွက်
 တည်နေရာ။ ။  JR Akihabara Station Showa-Dori Exit 5mins walk
 ဆိုင်ဖွင့်ချိန်။ ။ ညနေ၄နာရီ- ည၁၁နာရီခွဲ
 ပိတ်ရက်။ ။ လစဉ်၃ပတ်မြောက် တနေင်္ဂနွေနေ့တိုင်းဆိုင်ပိတ်သည်။
 ဈေးနှုန်း။ ။ ယန်း၃၀၀၀-၄၀၀၀
 Credit Card:  VISA、MASTER、JCB、AMEX、Diners
kushisuke-串助
 ၆. 串助 (Kushisuke)
 ဂျပန်စတိုင် ကြက်သားကင် ကောင်းကောင်းစားချင်သူများအတွက်
 တည်နေရာ။ ။  JR Akihabara Station Electric Town Exit 5mins walk
 ဆိုင်ဖွင့်ချိန်။ ။ မနက်၁၁နာရီခွဲ- နေ့လည်၁နာရီခွဲ၊ ညနေ၅နာရီ-ည၁၀နာရီခွဲ
 ပိတ်ရက်။ ။ စနေ-တနင်္ဂနွေ။
 ဈေးနှုန်း။ ။ နေ့လည်စာ ယန်း၁၀၀၀ ညစာ ယန်း၃၀၀၀-၄၀၀၀
 Credit Card:  အသုံးပြု လို့မရပါ။
စိုင်းရဲခေါင်

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>