Akihabara လျှပ်စစ်မြို့တော်နှင့် စိတ်ဝင်စားဖွယ်နေရာများ

Akihabara လျှပ်စစ်မြို့တော်နှင့် စိတ်ဝင်စားဖွယ်နေရာများ

စာဖတ်ပရိတ်သတ်များအနေဖြင့် အကြောင်း အားလျော်စွာ ဂျပန်နိုင်ငံ တိုကျိုမြို့ မှာရှိတဲ့ Akihabara(အာခိဟဘရ)လို့လူသိများတဲ့ လျှပ်စစ်မြို့တော်ကို သွားရောက်မယ်ဆိုရင် မသွားမဖြစ်သွားရမဲ့ စိတ်ဝင်စားဖွယ်နေရာတွေနဲ့  ကျွန်တော် မိတ်ဆက်ပေးချင်ပါတယ်။ Akihabara လို့လူသိများတဲ့ လျှပ်စစ်မြို့တော်ဟာ တိုကျိုမြို့တော်ရဲ့ အလယ်ခေါင် နေရာမှာ တည်ရှိပါတယ်။ Akihabara မြို့ကိုသွားဖို့အတွက်ဆိုရင် အရင်ဦးဆုံး Akihabara station ကိုရထားနဲ့သွားရမှာဖြစ်ပါတယ်။ Akihabara Station ကိုရောက်နိုင်တဲ့ရထားလိုင်းနာမည်တွေနဲ့ ဈေးနှုန်းတွေကိုပါ ကျွန်တော်ရေးသား တင်ပြသွားမှာဖြစ်ပါတယ်။ Akihabara Station ဟာဘူတာကြီးတစ်ခုဖြစ်တဲ့ အတွက် သူ့ဆီကိုရောက်နိုင်တဲ့ ရထားအမျိုးအစားတွေဟာလည်း အင်မတန်မှ များပြားလှပါတယ်။ အဲ့လို များပြားတဲ့ ရထားအမျိုးအစားတွေထဲမှာမှ တိုကျိုမှာရှိတဲ့ လူတိုင်းလိုလို အသုံးပြုတဲ့ ရထားအမျိုးအစားတခုကို မိတ်ဆက်ပြောပြချင်ပါတယ်။ အဲ့ရထားရဲ့ နာမည်ကို Yamanote-sen (ယာမာနိုတယ်လိုင်း) လို့ခေါ်ပီး သူဟာ တိုကျိုမြို့တော်ကို တပတ်ပတ်တဲ့ တခုတည်းသော တိုကျိုမြို့ပတ်ရထားပဲ ဖြစ်ပါတယ်။ ယာမာနိုတယ်ရထားလိုင်း တပတ်ပတ်တဲ့ မြို့နာမည်တွေကိုပါ ဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။  မြို့နာမည်တွေကတော့ ShinagawaŌsakiGotandaMeguroEbisuShibuyaHarajukuYoyogiShinjukuShin-ŌkuboTakadanobabaMejiroIkebukuroŌtsukaSugamoKomagomeTabataNishi-NipporiNipporiUguisudaniUenoOkachimachiAkihabaraKandaTōkyōYūrakuchōShimbashiHamamatsuchōTamachi  တို့ဖြစ်ပါတယ်။ ယာမာနိုတယ်လိုင်းဟာ စုစုပေါင်း၂၉မြို့ကို နေ့စဉ်နဲ့ အမျှ အချိန်နှင့်တပြေးညီ ပြေးဆွဲလျှက်ရှိပါတယ်။ အောက်ဖော်ပြပါပုံမှာဆိုရင် အစိမ်းရောင်လမ်းကြောင်းတွေ တွေ့မြင်ရမှာဖြစ်ပါတယ်။ မြင်တွေ့ရတဲ့ အ၀ိုင်းပုံစံ အစိမ်းရောင်လမ်းကြောင်း တွေကတော့ ယာမာနိုတယ်လိုင်း တပတ်ပြေးဆွဲနေတဲ့ အထက်မှာရေးသားဖော်ပြထားတဲ့ မြို့နာမည်တွေပဲဖြစ်ပါတယ်။

yamanote-map

 

Akihabara Station ကို Tokyo Stationကနေ သွားမယ်ဆိုရင် ရထားလက်မှတ်ခ ယန်း၁၃၀ကျသင့်မှာဖြစ်ပါတယ်။ ရထားစီးချိန် ကြာချိန်ကတော့ ၃မိနစ်ပဲဖြစ်ပါတယ်။ Akihabara Station ကိုရောက်ပီဆိုရင်တော့ ဘူတာအပြင်ကို ထွက်ဖို့ ထွက်ပေါက် ၄ခုရှိပါတယ်။ အဲ့ဒီ ထွက်ပေါက် ၄ခုရဲ့ နာမည်တွေကတော့ (၁) Akihabara Electric Town Gate (၂) Central Gate (၃) Showa-Dori Gate (၄) Atrel Gate တို့ပဲဖြစ်ပါတယ်။ စာဖတ်သူများ မျက်စိထဲ ရှင်းလင်းမြင်သာအောင် အောက်မှာ ပုံနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

e41

 

ကဲ…… အရင်ဦးဆုံး ကျွန်တော်တို့ Akihabara Electric Town Gate ဘက်မှာရှိတဲ့ စိတ်ဝင်စားဖွယ်နေရာတွေကို သွားကြည့်ရအောင်။ Akihabara Electric Town Gate ဆိုတဲ့အတိုင်း ဒီဘက်ထွက်ပေါက်မှာတော့ လျှပ်စစ်နဲ့ပတ်သတ်တဲ့ ပစ္စည်းတွေ အိုင်တီပစ္စည်းတွေ ကွန်ပျူတာပစ္စည်းတွေ သံမှိုပစ္စည်းလေးကအစ စက်ရုပ်အထိကြီးမားတဲ့ ပစ္စည်းတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ လျှပ်စစ်ပစ္စည်းတွေ အိုင်တီပစ္စည်းတွေကို စိတ်ဝင်စားတဲ့ စာဖတ်ပရိသတ်အတွက် အင်မတန်မှ နှစ်သက်သဘောကျစရာကောင်း တဲ့လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ခန်းတွေ စတိုးဆိုင်ကြီးတွေ ကုန်တိုက်ကြီးတွေအစရှိတဲ့အရာတွေကို စာဖတ်သူတို့ရဲ့ မျက်စိတဆုံး တွေ့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီ ကုန်တိုက်တွေ စတိုးဆိုင်တွေ ဆိုင်ခန်းတွေရဲ့ ဘေးဘယ်ညာမှာတော့ မတ်တပ်ရပ်ပီး လက်ယက်ခေါ်နေတဲ့ အရောင်းဝန်ထမ်းတွေ မိုက်နဲ့အော်ခေါ်နေတဲ့ အရောင်းဝန်ထမ်းတွေဟာ စာဖတ်ပရိသတ်ကို နှစ်လိုဖွယ်ကောင်းတဲ့ အမူအရာတွေ ပြုံးရွှင်နေတဲ့ မျက်နှာတွေနဲ့ ကြိုဆိုနေကြမှာဖြစ်ပါတယ်။ သူတို့တွေကတော့ တခြားနိုင်ငံကလိုမဟုတ်ပဲ ခန္ဓာကိုယ်ကလည်း အမူအရာမျိုးစုံလုပ်ပြရင်း ပါးစပ်ကလည်း စက်ပစ္စည်းအသစ်တွေ ဖုန်းအသစ်တွေ နည်းပညာအသစ်တွေ ကွန်ပျူတာအသစ်တွေ ဂျပန်လုပ် တပတ်ရစ်ပစ္စည်းတွေအပြင် လျှပ်စစ်ပစ္စည်းနဲ့ဆိုင်တဲ့ အတိုအထွာကအစ အခြားစိတ်ဝင်စားဖွယ် ပစ္စည်းကိရိယာတန်ဆာပလာတွေကို မိတ်ဆက်ရင်း စာဖတ်သူတို့ ၀ယ်ချင်လာအောင် နည်းအမျိုးမျိုးနဲ့  ဆွဲဆောင်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ နာမည်ကြီး လျှပ်စစ်ကုန်တိုက်ကြီးတွေရဲ့ ဆိုင်ခွဲအလတ်စားဖြစ်တဲ့ Sofmap၊ Laox တို့ကိုလည်း Electric Town Gate လမ်းမကြီးရဲ့ ဘယ်ဘက်မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ အချို့ဆိုင်အငယ်စားတွေကိုတော့ လမ်းသွယ်လေးတွေမှာ တွေ့မြင်နိုင်ပါတယ်။

 

 

3003_013003_03

Akihabara လို့ခေါ်တဲ့ လျှပ်စစ်မြို့တော်မှာ လျှပ်စစ်ပစ္စည်းများကို စုံလင်စွာ ၀ယ်ယူရရှိနိုင်တဲ့အပြင် နိုင်ငံတကာမှ လူအများကို ဖမ်းစားဆွဲဆောင်တဲ့ စိတ်ဝင်စားဖွယ်အရာတခုရှိပါသေးတယ်။ အဲ့ဒါကတော့ စာဖတ်ပရိတ်သတ်များလည်း သိမယ်လို့ ထင်ပါတယ်။ ကမ္ဘာပေါ်မှာ ဂျပန်နိုင်ငံဟာ သူ့ရဲ့ anime တွေ manga တွေနဲ့ လူအများကို ဖမ်းစားဆွဲဆောင်တာကို တွေ့မြင်နိုင်ပါတယ်။ Akihabara ဟာလည်း တိုကျိုမြို့ရဲ့ လူအများဆုံး စိတ်ဝင်စားတဲ့ Animeတွေ၊ ဂျပန်Otakuတွေ၊ Mangaတွေ၊ Cosplayတွေ တစုတစည်းတည်း တွေ့မြင်လေ့လာဝယ်ယူနိုင်တဲ့ နေရာတခုပဲဖြစ်ပါတယ်။ Electric Town Gate ရဲ့ လမ်းမကြီးဘေးဘယ်ညာနဲ့ လမ်းသွယ်လေးတွေမှာ ဂိမ်းဆိုင်တွေ၊ Cosplay အရောင်းဆိုင်တွေ၊ ကာတွန်းအရုပ်ဆိုင်တွေ၊ ကတ်ပြားနဲ့ ဂိမ်းလိုဆော့ရတဲ့ Pokemon card တွေအစရှိတာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ လမ်းမကြီးကို ညာဘက်ကွေ့ပီး လမ်းသွယ်လေးထဲ နည်းနည်းလောက်လမ်းလျှောက်ကြည့်မယ်ဆိုရင်တော့ အသက်ငယ်ငယ်ရွယ်ရွယ် ချောချောလှလှကောင်မလေးတွေကို ဂျပန်ကာတွန်းကား၊ ဂျပန်ကာတွန်းစာအုပ်ထဲကလို အရုပ်မလေးသဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။ သူတို့တွေက စာဖတ်သူတို့ သွားမဲ့ လမ်းဘေးတဖက်တချက်မှာ ရပ်နေပြီးတော့  maid cafes နဲ့ manga cafe လိုဆိုင်တွေမှာ စာဖတ်သူတို့နဲ့ အတူ ကော်ဖီသောက်ရင်းစကားစမြည်ပြောရင်း အပန်းဖြေဖို့ စိတ်ဝင်စားဖွယ်အမူအရာတွေနဲ့ ခေါ်ဆောင်နေတာကို တွေ့မြင်နိုင်ပါတယ်။

 

3003_02

imagesimages-2

 

 

 

 

 

 

 

 

 

ကဲ…. ဆက်လက်ပီး Akihabara Electric City မှာရှိတဲ့ စိတ်ဝင်စားဖွယ်နေရာတွေနဲ့ အသေးစိတ်အချက်အလက်တွေကို အောက်မှာပုံနဲ့တကွဖော်ပြပေးလိုက်ပါတယ်။

 

3003_051. Sofmap

ဖွင့်ချိန်။ ။ မနက်၁၁နာရီ- ည၉ နာရီ (တချို့ဆိုင်ခွဲတွေက ည၁၀နာရီအထိဖွင့်)

ပိတ်ရက်။ ။ မရှိ

တည်နေရာ။ ။ Akihabara Electric Gate

ရရှိနိုင်သောပစ္စည်းများ။ ။ apple products, CDs or games, တပတ်ရစ် နာရီ၊     တပတ်ရစ် ကွန်ပြူတာ၊ တပတ်ရစ် ဖုန်း၊ တပတ်ရစ် ကင်မရာ၊ ဆော့ဝဲလ်အခွေများ၊

 

3003_04

 2. Laox

 ဖွင့်ချိန်။ ။ မနက်၁၀နာရီ- ည၇နာရီ (တချို့ဆိုင်ခွဲတွေက ည၈နရီအထိဖွင့်)

 ပိတ်ရက်။ ။ မရှိ

 တည်နေရာ။ ။ Akihabara Electric Gate

 ရရှိနိုင်သောပစ္စည်းများ။ ။ tax free products, မိုလ်ဘိုင်းဖုန်း

3003_13

 3.Yamada Denki

 ဖွင့်ချိန်။ ။ မနက်၁၀နာရီ- ည၁၀နာရီ

 ပိတ်ရက်။ ။ မရှိ

 တည်နေရာ။ ။ Akihabara Electric Gate

 ရရှိနိုင်သောပစ္စည်းများ။ ။ ကုန်တိုက်နာမည်ကို Yamada Denki (ယမာဒါ ဒန်းခိ)  လို့လည်းခေါ်သလို LABI လို့လည်းခေါ်ပါတယ်။ ၀ယ်ယူရရှိနိုင်တဲ့ပစ္စည်းတွေကတော့ Personal Computers, PC accessories and household electronics.

3003_08

 4. Yodobashi Camera

 ဖွင့်ချိန်။ မနက်၁၀နာရီ- ည၁၁နာရီ

 ပိတ်ရက်။ ။ မရှိ

 တည်နေရာ။ ။ Akihabara Central Gate

 ရရှိနိုင်သောပစ္စည်းများ။ ။ Computers, games, watches, mobile phones, cameras, and sell tax free and international models of products.

3003_14

 5. Maid Cafes

 ဖွင့်ချိန်။ ။ မနက်၁၀နာရီ- ည၁၀နာရီ

 ပိတ်ရက်။ ။ မရှိ

 တည်နေရာ။ ။ Akihabara Electric Gate

 Maid Cafes တွေဟာ အမျိုးသားတွေသာမက အမျိုးသမီးများကြားမှာပါ နာမည်ကြီးပါတယ်။ နိုင်ငံတကာမှ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအတွက် အင်္ဂလိပ်လိုပြောတတ်တဲ့ စားပွဲထိုး မိန်းကလေးချောချောလေးတွေလည်းရှိပါတယ်။ နာမည်ကြီးရတဲ့ အကြောင်းရင်းကတော့ Maid လို့ ပြောတဲ့အတိုင်း လာရောက် စားသုံး အပန်းဖြေသူတွေကို တကယ့်ကို ရိုသေကျိုးနွံ့အောက်ကျခံပီး ကောင်းကောင်း ဂရုစိုက်ပေးလို့ပဲဖြစ်ပါတယ်။

3003_32

 6. Tokyo Anime Center

 ဖွင့်ချိန်။ ။ မနက်၁၁နာရီ- ည၇နာရီ

 ပိတ်ရက်။ ။ မရှိ

 တည်နေရာ။ ။ Akihabara Central Gate

 ရရှိနိုင်သောပစ္စည်းများ။ ။ toys, stationery and the other souvenirs.

3003_30

 7. Gundam Cafe

 ဖွင့်ချိန်။ ။ မနက်၁၀နာရီ- ည၁၁နာရီ

 ပိတ်ရက်။ ။ မရှိ (စနေ တနင်္ဂနွေ မနက်၈း၃၀- ည၉ နာရီ)

 တည်နေရာ။ ။ Akihabara Atrel Gate

 ရရှိနိုင်သောပစ္စည်းများ။ ။ sell characters goods and souvenirs

3003_31

 8. AKB48 Cafe and Shop

 ဖွင့်ချိန်။ ။ မနက်၁၁နာရီ- ည၁၁နာရီ

 ပိတ်ရက်။ ။ မရှိ

 တည်နေရာ။ ။ Akihabara Atrel Gate ( Gundam Cafe ဆိုင်ဘေးကပ်ရက်)

 ရရှိနိုင်သောပစ္စည်းများ။ ။ ဂျပန်နိုင်ငံ နာမည်ကြီး Jpop အဖွဲ့ တခုဖြစ်တဲ့ AKB48 ရဲ့ လက်မှတ်တွေ အသုံးအဆောင်တွေ လက်ဆောင်ပစ္စည်းတွေ ဦးထုပ်တွေ အစရှိတဲ့ သူတို့အဖွဲ့ရဲ့ official products တွေဝယ်ယူရရှိနိုင်ပါတယ်။ ကော်ဖီဆိုင်နဲ့တွဲထားတာဆိုတော့ ကော်ဖီသောက်ရင်း ပစ္စည်းတွေ ကြည့်လို့ရပါတယ်။

အထက်ဖော်ပြပါနေရာတွေကတော့ စာဖတ်သူတို့ အကြောင်းအားလျော်စွာ Akihabara Station ကိုရောက်ခဲ့မယ်ဆိုရင် မရောက်မဖြစ် မသွားမဖြစ် မဖြစ်ရလေအောင် ကျွန်တော်စုစည်းရေးသားဖော်ပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ။ အထက်ဖော်ပြပါနေရာတွေမှာတော့ နိုင်ငံတကာမှ လာရောက်လည်ပတ်ကြည့်ရှုဝယ်ယူသူတွေ များတဲ့အတွက် ဆိုင်ဝန်ထမ်းတွေဟာဆိုရင် ဂျပန်ဘာသာစကားတမျိုးတည်းသာမက တရုတ်၊ အိန္ဒိယ၊ အင်္ဂလိပ်၊ ကိုရီးယား အစရှိတဲ့ နိုင်ငံခြားဘာသာစကားတွေ ပြောနိုင်ဆိုနိုင်တဲ့ ၀န်ထမ်းတွေအပြင် အင်္ဂလိပ် လမ်းညွှန်ချက်များကိုလည်း ထည့်သွင်းထားပါတယ်။

စိုင်းရဲခေါင်

2 comments

    1. Replyskhaung

      ဟုတ်ကဲ့အခုလို တကူးတကလာရောက် ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ နောက်လည်း ဒီထက်ပိုမို စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ရေးသားတင်ပြပေးသွားမှာဖြစ်ပါတယ်။ အားလပ်တဲ့အချိန်တွေမှာ လာရောက်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>