Yodobashi Akiba တွင်ရှိသော Kanno Oshiri ကိုရီးယားစားသောက်ဆိုင်

Yodobashi Akiba တွင်ရှိသော Kanno Oshiri ကိုရီးယားစားသောက်ဆိုင်

အကယ်၍ Sushi နှင့် Ramen အစားအသောက်များစားသုံးခြင်းကို ငြီးငွေ့လာပါက ကင်(မ်)ဂျီကို စမ်း၍ စားသင့်သည်။

ဂျပန်နိုင်ငံတွင် ကိုရီးယားအစားအသောက်များ ရရှိရန်မှာ ခက်ခဲမှန်းကျွန်ုပ်သိပါသည်။ အဘယ်ကြောင့် ဆိုသော အရသာရှိလှသော ဂျပန်အစားအသောက်များဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။ သို့သော် ဂျပန်အစားအစာများဖြစ်သော ramen, sushi, Tonkatsu များကို နေ့စဉ် စားသုံးနေခြင်းမှ ကိုရီးယားအစားအစာကိုလည်း ရွေးချယ်စာသုံးနိုင်ပါသည်။ ဤနှစ်နိုင်ငံမှာ ပထ၀ီမြေအနေအထားအရလည်း အလွန်နီးစပ်လှပါသည်။

kannoshiri_123505

Kanno Oshiri ဟုခေါ်သောနေ့လည်စာမှာ ယန်း ၈၀၀ မှ ယန်း ၁၂၅၀ ၀န်းကျင်ကျသင့်ပါသည်။ သို့သော် အခမဲ့သောက်သုံးနိုင်သော ဘားပါဝင်သည့်အတွက် ဈေးကြီးသည်ဟု မဆိုနိုင်ပါ။ ကျွန်ုပ်တို့သွားရောက်ခဲ့စဉ်က Bibimbap + Shinramen set နှင့် Cheese Sundubuတို့ကို မှာယူစားသုံးခဲ့ပါသည်။ ကျွန်ုပ်မှာ ကိုရီးယားလူမျိုးမဟုတ်သည့်အတွက် Kanno Oshiri မှာ ကိုရီးယားရိုးရာ အစားအစာဟုတ်မဟုတ် မပြောနိုင်သော်လည်း ကိုရီးယားနှင့် ဂျပန်အစားအစာများကို အလွန်နှစ်သက်သူများအတွက် Cheese Sundubu မှာ အလွန်ပင်ကောင်းမွန်မည်မှာသေချာသည်။ Bibimbap + Shinramen set မှာ လုံလောက်စွာ စားသုံးနိုင်သော ပမာဏရှိ၍ ထမင်းနှင့်ခေါက်ဆွဲ ကိုလည်း ဤဆိုင်တွင်ရရှိနိုင်ပါသည်။ Shinramen မှာ အလွန်ပင်စပ်သည်ကိုတော့ သတိပေးလိုပါသည်။

kannoshiri_125633

ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားတစ်ယောက် အနေဖြင့် ဂျပန်အစားအစာကို အမြဲနှစ်သက်သော်လည်း တခါတလေတော့ လုပ်ရိုးလုပ်စဉ်များထဲမှ ခွဲထွက်ရန်လိုအပ်ပါသည်။

kannnooshiri_122721

Kannooshiri_125714

kannoshiri_125647

 

ဆိုင်ဖွင့်ချိန်                ၁၁း၀၀ – ၂၃း၀၀

နေရာ                       Yadoboshi camera 8F, Hanaokacho Kanda, ၁-၁ chiyoda-ku, Tokyo.

တယ်လီဖုန်း              ၀၃-၅၂၉၈-၈၀၇၅

URL                         http://www.gyozaya.com/kannooshiri/

 

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>